
အခုတစ်ခါတင်ပေးရတဲ့ပိုစ့်က လွယ်လွယ်လေးပါ။ မိမိတို့ရဲ့ဘလော့စ်ပိုစ့်ရဲ့အောက်မှာ Related Posts
ဒီဇိုင်းလေးထားပြီး လာလည်သူတွေအလွယ်တစ်ကူရှာဖွေလို့ရအောင်ပြထားတဲ့ဒီဇိုင်းလေးပေါ့နော်။
ကျွန်တော့ဘလော့စ်မှာလုပ်ထားပါတယ်။ လွယ်ကူပါတယ်။လုပ်ပုံလုပ်နည်းကတော့
အခုကျွန်တော်လင့်ချိတ်ပေးထားတဲ့ ဒီဆိုဒ်ထဲကို ၀င်သွားလိုက်ပါ။
Email မှာမိမိဘလော့စ့်ရဲ့ Email ထည့်ပါ။
Blog Link မှာမိမိဘလော့စ်ရဲ့လင့်ကိုထည့်ပေးပါ။
Platform မှာတော့နည်းနည်းပြသနာရှိပါတယ်။ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဘလော့စ်စလုပ်စဉ်က
ယူခဲ့တဲ့ template ဆိုရင်တော့ Blogger လို့ရွေးရပါမယ်။ဒါမှမဟုတ် မိမိကနောက်ထပ် template
ပြောင်းထားတယ်ဆိုရင်တော့ Other ကိုရွေးရပါလိမ့်မယ်။ပြီးရင်..
Width မှာတော့ ဘယ်နှစ်ခုထားချင်လဲပေါ့ 4ခုလား 5ခုလား ရွေးပါ။ဒီနေရာမှာလည်းသေချာကြည့်ပါ
အုန်း။ ဘာလို့လဲဆိုတော့ မိမိ ဘလော့စ်ရဲ့ပိုစ့်အကျယ်အ၀န်းကိုထည့်တွက်ရပါမယ်။3ခုထည့်ရင်
ဆန့်မလား။ 4ခုထည့်ရင်ကော။ 5ခုဆိုရင်ကော ကြီးသွားမလား။ ကြီးသွားရင်တော့မလှတော့ပါဘူး
အပြင်ကိုကားထွက်နေတော့ကြည့်ရရုပ်ဆိုးပါတယ်။ အိုကေပြီးပြီဆိုရင် အမှန်ချစ်ပေးလိုက်ပါ။
နောက်ပြီး Get Widget ကိုနှိပ်လိုက်ပါ။ နောက်စာမျက်နှာကိုရောက်သွားရင်လည်း
Add Widget ဆိုတာနှိပ်ပေးရုံပါပဲ။ ဒီလောက်ဆိုရင်သင့်ဘလော့စ်ကိုရောက်သွားပါလိမ့်မယ်။
ထားချင်တဲ့နေရာကို ရွှေ့ထားလိုက်ရင် အိုကေပါပြီ။ပြီးရင် Save နှိပ်ပြီးထွက်ပါ။
သူငယ်ချင်းတို့ရဲ့ဘလော့စ်သွားကြည့်လိုက်ပါလှပတဲ့ Related Post ရောက်နေပါပြီ။
mm-helper blogger
Call Yangonthar Phone Number: 083-111-8534(thai)








0 comments: